Skip to Content

UEDC Return & Warranty Policy

UEDC Myanmar မှ ဝယ်ယူထားသော Warranty ပါဝင်သည့် ပစ္စည်းများတွင် Error ဖြစ်ပေါ်လာပါက Error ဖြစ်ပေါ်သည့်အချိန်၊ အခြေအနေနှင့် ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ပစ္စည်းအသစ်ဖြင့် လဲလှယ်ပေးခြင်း၊ ငွေပြန်အမ်းပေးခြင်း သို့မဟုတ် Service Center သို့ ပို့ဆောင်ပြုပြင်ပေးခြင်း တို့ကို အောက်ပါစည်းကမ်းချက်များအတိုင်း ဆောင်ရွက်ပေးပါသည်။

1. ပစ္စည်းအသစ်လဲလှယ်ခြင်း / ငွေပြန်အမ်းခြင်း
အောက်ပါအခြေအနေများတွင် စစ်ဆေးအတည်ပြုပြီးနောက် ပစ္စည်းအသစ်ဖြင့် လဲလှယ်ပေးခြင်း သို့မဟုတ် ငွေပြန်အမ်းပေးခြင်း ပြုလုပ်နိုင်ပါသည်။
ပစ္စည်းရောက်ရှိပြီး ၂၄ နာရီအတွင်း စက်ပိုင်းဆိုင်ရာ Error တွေ့ရှိခြင်း
Power Bank၊ Battery ပါဝင်သော ပစ္စည်းများတွင် ပစ္စည်းရောက်ရှိပြီး ၇၂ နာရီအတွင်း Error တွေ့ရှိခြင်း
ပစ္စည်းရောက်ရှိလာစဉ်ကတည်းက ပျက်စီးခြင်း၊ အနာအဆာရှိခြင်း သို့မဟုတ် ပုံမှန်အသုံးပြု၍ မရနိုင်သည့် Factory Error များ တွေ့ရှိခြင်း
အထက်ပါ Error များသည် UEDC Myanmar မှ စစ်ဆေးအတည်ပြုနိုင်သည့် အခြေအနေဖြစ်မှသာ လဲလှယ်ပေးခြင်း သို့မဟုတ် ငွေပြန်အမ်းပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

မှတ်ချက်။ Delivery ဖြင့် ပို့ဆောင်ပေးထားသော ပစ္စည်းများတွင် ပစ္စည်းရောက်ရှိချိန်၌ Error သို့မဟုတ် ပျက်စီးမှုရှိပါက ပစ္စည်းရောက်သည်နှင့်တပြိုင်နက် အမြန်ဆုံး အကြောင်းကြားပေးရန် လိုအပ်ပါသည်။

ကိုယ်တိုင်လာရောက်ယူဆောင်သည့် ပစ္စည်းများကို ဆိုင်တွင် စစ်ဆေးစမ်းသပ်နိုင်သဖြင့် ယူဆောင်သွားပြီးနောက် ဖြစ်ပေါ်လာသည့် ပစ္စည်းအနာအဆာ ပျက်စီးမှုများအတွက် ပစ္စည်းအသစ်လဲလှယ်ပေးခြင်း သို့မဟုတ် ငွေပြန်အမ်းပေးခြင်း မပြုလုပ်နိုင်ပါ။

2. Service Center သို့ ပို့ဆောင်ပြုပြင်ပေးမည့် အခြေအနေများ
အောက်ပါအခြေအနေများတွင် ပစ္စည်းအသစ်လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ Service Centerသို့ ပို့ဆောင်၍ စစ်ဆေးပြုပြင်ပေးပါမည်။

ပစ္စည်းရောက်ရှိပြီး ၁ ရက်၊ ၂ ရက် သို့မဟုတ် သတ်မှတ်ထားသည့် အသစ်လဲပေးမည့် ကာလကျော်လွန်ပြီးနောက် ဖြစ်ပေါ်လာသော Error များ
အာမခံ ကာလအတွင်း ဖြစ်ပေါ်လာသော စက်ပိုင်းဆိုင်ရာ Error များ
စစ်ဆေးပြီး Service ပြုလုပ်ရန် လိုအပ်သည်ဟု သတ်မှတ်ထားသော Error များ
Service ပြုပြင်ချိန်သည် Error အမျိုးအစားနှင့် Service Center ၏ လုပ်ငန်းစဉ်ပေါ်မူတည်ပြီး ပုံမှန်အားဖြင့် ၃ ပတ်ခန့် ကြာမြင့်နိုင်ပါသည်။

Customer ၏ အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများ၊ ပြုတ်ကျခြင်း၊ ရေဝင်ခြင်း၊ မမှန်ကန်သော အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော Error များသည် Warranty အကျုံးဝင်မှု ရှိ/မရှိကို စစ်ဆေးပြီးမှ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

3. Error တွေ့ရှိပါက ဘာလုပ်ရမလဲ?
ပစ္စည်းတွင် Error တွေ့ရှိပါက UEDC Myanmar ၏ Viber သို့မဟုတ် Messenger မှတစ်ဆင့် အမြန်ဆုံး ဆက်သွယ်ပေးပါ။

ဆက်သွယ်သည့်အခါ—

Error ဖြစ်ပေါ်နေပုံကို ရှင်းလင်းစွာမြင်ရသည့် Video သို့မဟုတ် Photo
ဝယ်ယူထားသည့် ပစ္စည်းအမည် / Model
ဝယ်ယူထားသည့် Voucher
Customer အမည်နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်
တို့ကို ပေးပို့ပေးပါ။

Admin Team မှ ပေးပို့ထားသည့် အချက်အလက်များကို စစ်ဆေးပြီး Error အခြေအနေကို အတည်ပြုပေးပါမည်။

4. ပစ္စည်းပြန်လည်ပို့ဆောင်ခြင်း
Admin Team မှ ပစ္စည်းပြန်ပို့ရန် အတည်ပြုပေးပြီးပါက ၇ ရက်အတွင်း UEDC Myanmar သို့ ပစ္စည်းပြန်လည်ပို့ဆောင်ပေးရပါမည်။

သတ်မှတ်ထားသည့်ကာလအတွင်း ပစ္စည်းပြန်လည်ပို့ဆောင်ခြင်း မပြုလုပ်ပါက အသစ်လဲပေးခြင်း / ငွေပြန်အမ်းပေးခြင်းတို့ အတွက် ထပ်မံစစ်ဆေးရန် လိုအပ်နိုင်ပြီး သတ်မှတ်ထားသည့် Return အခွင့်အရေး ပျက်ပြယ်နိုင်ပါသည်။

ပစ္စည်းကို Ninja Van၊ Delivery Service သို့မဟုတ် မိမိတို့ဘက်က အဆင်ပြေသော  ပို့ဆောင်ရေးနည်းလမ်းဖြင့် ပြန်လည်ပို့ဆောင်နိုင်ပါသည်။

5. ပစ္စည်းအပြည့်အစုံ ပြန်လည်ပေးပို့ရန်
အသစ်ပြန်လဲပေးခြင်း/ငွေပြန်အမ်းခြင်း သို့မဟုတ် Service ပြုလုပ်ရန် ပစ္စည်းပြန်ပို့သည့်အခါ ဝယ်ယူစဉ်က ပါဝင်ခဲ့သည့် ပစ္စည်းများကို အပြည့်အစုံ ပြန်လည်ပေးပို့ရပါမည်။

အထူးသဖြင့်—

မူရင်းပစ္စည်း (Main Product)
Original Box
Charger / Cable
Remote
Manual
Accessories
ပစ္စည်းနှင့်အတူ ပါဝင်ခဲ့သည့် အခြားပစ္စည်းများ
အားလုံး အပြည့်အစုံ ပါဝင်ရပါမည်။

ပစ္စည်း သို့မဟုတ် Accessories မပြည့်စုံပါက Replacement / Refund ကို ဆောင်ရွက်ပေးနိုင်မှုအပေါ် သက်ရောက်နိုင်ပါသည်။

6. ပစ္စည်းပို့ဆောင်စရိတ်နှင့် ပို့ဆောင်မှု
Error စစ်ဆေးခြင်း သို့မဟုတ် Service ပြုလုပ်ရန် ပစ္စည်းကို UEDC Myanmar သို့ ပြန်လည်ပို့ဆောင်ရမည့်အခါ Customer မှ Delivery Service ဖြင့်ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ ပြန်လည်ပေးပို့နိုင်ပါသည်။

လိုအပ်ပါက UEDC Myanmar ဘက်မှလည်း Delivery Service နှင့် ချိတ်ဆက်ပေးနိုင်ပါသည်။

Third-party Delivery Service အသုံးပြု၍ ပို့ဆောင်နေစဉ် ဖြစ်ပေါ်နိုင်သည့် ပစ္စည်းပျောက်ဆုံးခြင်း၊ ပစ္စည်းထိခိုက်ပျက်စီးခြင်း သို့မဟုတ် ပို့ဆောင်ရေးဆိုင်ရာ ပြဿနာများအတွက် သက်ဆိုင်ရာ Delivery Service ၏ စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

7. အရေးကြီးသော Warranty သတ်မှတ်ချက်များ
Warranty သည် Factory Error နှင့် သတ်မှတ်ထားသော စက်ပိုင်းဆိုင်ရာ Error များအတွက်သာ အကျုံးဝင်ပါသည်။

အောက်ပါအခြေအနေများတွင် Warranty အကျုံးမဝင်နိုင်ပါ—

Customer ၏ မမှန်ကန်သော အသုံးပြုမှုကြောင့် ပျက်စီးခြင်း
ပြုတ်ကျခြင်း၊ တိုက်မိခြင်း၊ ကွဲအက်ခြင်း
ရေဝင်ခြင်း / အရည်ဝင်ခြင်း
မီးအားမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ပျက်စီးမှု
ပစ္စည်းကို ကိုယ်တိုင်ဖွင့်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြင်ပ Service Center တွင် ပြုပြင်ထားခြင်း
Physical Damage ဖြစ်ပေါ်ထားခြင်း
Warranty အကျုံးဝင်မှုရှိ/မရှိကို ပစ္စည်းအခြေအနေအား စစ်ဆေးပြီးမှ UEDC Myanmar မှ အတည်ပြုပေးမည်ဖြစ်ပါသည်။

8. Customer များအတွက် အသိပေးချက်
UEDC Myanmar မှ ဝယ်ယူသည့်အခါ အထက်ပါ Return & Warranty Policy များကို ဖတ်ရှုနားလည်ပြီး သဘောတူထားသည်ဟု မှတ်ယူပါမည်။

Policy နှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များရှိပါက ပစ္စည်းမဝယ်ယူမီဖြစ်စေ၊ ပစ္စည်းလက်ခံရရှိပြီးနောက်ဖြစ်စေ UEDC Myanmar Customer Service သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

UEDC Myanmar ကို ယုံကြည်စွာ ဝယ်ယူအားပေးကြသော Customer တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည်။